Upload ဘယ်လို လုပ်ရလဲ (Mediafire)


http://www.mediafire.com/ ကိုအရင်သွားပြီး Sign up လုပ်ပါ ။ ပြီးရင် ကိုယ့်ရဲ့  Profile ထဲကိုရောက် သွားရင် Upload ကိုနှိပ်ပါ ။ ပြီးရင် Browse နှိပ်ပြီး ကိုယ့် Hard Disk ထဲကတင်ချင်တဲ့ File ကိုရွေးပြီး Begin Upload လုပ်ပါ ။
Upload ပြီးသွားပြီဆိုရင် ပေါ်လာတဲ့ File လေးပေါ်မှာ Mouse နဲ့ ထောက်လိုက်ရင် ညာဘက်မှာ Setting လေးတွေ ပေါ်လာပါလိမ့်မယ် ။ ညာဘက်ထောင့်က Share ဆိုတာလေးကိုနှိပ်လိုက်ရင် Link ကျလာပါလိမ့် မယ် ။အဲဒါ ဒေါင်းလုတ်ဒ် Link ပါ ။ ဘယ်ဘက်က စက်သွား ပုံလေးမှာတော့ Rename တို့  Delete တို့  Password ပေးတာတို့ လုပ်လို့ ရပါတယ် ။ ဒီလောက်ဆို Upload တင်တတ်ရောပေါ့ ၊ မခက်ပါဘူး၊ စမ်းကြည့်ကြပါဦး ။