Android ဖုန်းများကို Computer မှ ထိန်းချုပ်ခြင်း (91 PC suite)

91 PC suite ကနေပြီး ... Android Phone တွေရဲ့  Application တွေ ... Msg တွေ .. Contact တွေ Media File တွေကို Control လုပ်လို့ ရပါတယ် ...
သူ့ ကို မသုံးခင်တော့ Phone ရဲ့ USB Driver ကို အရင်သွင်းထားရမှာပါ .. Internet Connection ရတဲ့ စက်မှာ ဆိုရင်တော့ Error မတက်ပေမဲ့ Internet မရတဲ့စက်တွေမှာ နောက်တစ်ကြိမ်ဖွင့်ရင် reinstall လုပ်ပေးရပါတယ် .. စစသွင်းချင်းမှာ English Font ပေါ်မှာမဟုတ်တာကြောင့် ဘယ်ဘက် အပေါ်ထောင့်က စက်ရုပ်ပုံလေးကို နှိပ်ပြီး သုံးခုမြောက်က Down Arrow ကို နှိပ်ပြီး English ကိုရွေးမှ English လို ပေါ်လာမှာပါ ... Application သွင်းတာကတော့ ဘယ်ဘက်ဘားကနေ App ထဲကို ၀င်ပါ .. အပေါ်ဘားက Install App ကိုနှိပ်ပြီး လိုချင်တဲ့ App ရှိတဲ့နေရာကိုသွားရွေးပါ ... သူ့ ရဲ့ အားသာချက်ကတော့ Multiple သွင်းလို့ ရတာပါပဲ ... ဖုန်းထဲကနေ အချိန်ကုန်ခံပြီး Install တောက်လျှောက်လုပ်စရာ မလိုတော့ပဲ Tasklist ထဲက que ထဲကို ၀င်သွားပြီး အားလုံးသွင်းပေးသွားပါလိမ့်မယ် ...
Down load 91 PC suite