Android ဖုန်းတစ်လုံးကို Reset မချခင်ဘာလုပ်သင့်သလဲ ?

သင့်ရဲ့  Android ဖုန်းတစ်လုံးဟာ Performance တွေ လျော့လာပြီ ။ တစ်ချို့ original ပါလာတဲ့ Application တွေကလဲ သုံးလို့ မရတော့ဘူး .. ဒါဆိုရင်သင်ဒီဖုန်းကို  ပြင်ဖို့  အတွက် ယူဆရပါတော့မယ် ။ Factory Reset ချခြင်းက အကောင်းဆုံးနည်းလမ်းဆိုတာကိုပဲ သင်ရှာတွေ့ သွားမှာပါ။
ကဲ ဟုတ်ပါပြီ ။ သင်ကအခုလိုဆုံးဖြတ်ပြီး Setting ထဲက Privacy ထဲက Factory Reset ကိုများသွား လုပ်လိုက်မယ်ဆိုရင်တော့ သင် လုပ်ပေးလိုက်တဲ့ ဖုန်းဟာကောင်းသွားပေမယ့် စိတ်ညစ်စရာတွေ အတိနဲ့ ပြီးဆုံးသွားပါလိမ့်မယ် ......
Factory Reset ချပြီးတဲ့ အချိန်မှာ ဖုန်းပိုင်ရှင်က သင့်ကိုမေးပါလိမ့်မယ် ..
၁။ Contact တွေ ဘယ်ရောက်သွားလဲတဲ့ ??
၂။ သူအကြိုက်ဆုံးဂိမ်းတစ်ခုရောတဲ့
၃။ အလုပ်နဲ့ ပတ်သတ်တဲ့ Application တွေကရောပျက်သွားပြီလား ??
၎။ Message တွေထဲမှာလည်း အရေးတကြီးမှတ်ထားတာတွေရှိတယ်တဲ့နော်
၅။ Call Log မှာလည်း Contact ထဲမထည့်ရသေးတဲ့ VIP တစ်ယောက်ပါသွားလို့ တဲ့ ...
ကဲ ရှင်း .. ရှင်း .... ရှင်းပေတော့
ဘယ်လိုလုပ်ကြမလဲ ......................
အဲဒါ့ကြောင့် Moborobo PC Suite ကိုကောင်းတယ်လို့ ပြောနေရတာပါ ...
ဖုန်းကို USB Debugging On လိုက်။ Unknown Resource ကို အမှန်ခြစ်ပြီး ကွန်ပြူတာနဲ့ Join လိုက်တာနဲ့  Start Sync ဆိုတာနှိပ်လိုက်ရုံနဲ့ .. ဖုန်းတစ်ခုလုံးကို Manage လုပ်လို့ ရပါတယ် ..ဖုန်း ကို Driver သိနေပြီဆိုရင် .. Data Tab ထဲမှာ Contact တွေ .. Message တွေ .. Call Log တွေကို back Up လုပ်ထားလို့ ရသလို .. Apps Tab မှာလည်း Application တွေ ဂိမ်းတွေကို Back Up လုပ်ထားပြီး .. reset လုပ်ပြီးသွားတဲ့အချိန်မှာ .. Restore တွေ Install တွေပြန်လုပ်ပေးလိုက်နိုင်ခဲ့ရင်တော့ ဖုန်းပိုင်ရှင်က သင့်ကို အထင်ကြီးတလေးတစားနဲ့ နှုတ်ဆက်ပြန်သွားတာကို ကြုံရပါလိမ့်မယ် ... :)