China Tablet Android ROM install / Reflash ROM

ကျွန်တော့်ဆီကို i-Pad ဆိုပြီး Tablet တစ်လုံးရောက် လာပါတယ် .. ပန်းသီးပုံလေးနဲ့ 64 G တဲ့ရေးထားတယ် . Firmware ကျသွားလို့ တဲ့ .. ပြီးတော့ ဖွင့်ကြည့်တော့ စက်ရုပ်ပုံကြီးတက်လာတယ် Logo မှာရပ်နေတယ် .. Bootloader လဲခေါ်မရ .. Recovery လဲခေါ်မရ ဘာနှိပ်နှိပ် Logo မှာပဲရပ်နေတယ် .. တော်တော် ခေါင်းစားပါတယ် .. ရှာတာလဲ မူးနောက်သွားတာပဲ .. နောက်ဆုံးမှသူ့ ကိုသွားတွေ့  တယ် .. Universal_Uberoid တဲ့ China tablet တွေ ဖုန်းတွေကို ကောင်းကောင်း Reflash လုပ်ပြီး Firmware ပြန် တင်လို့ ရပါတယ် .. ဒီမှာအရင်ဒေါင်းပါ ...
http://199.91.154.139/sxtp9te9cvmg/7uqaw14934t455d/Universal_Uberoid_WM8650_v10.1_www.TechKnowForum.net.7z
ရပြီဆိုရင် Desktop ပေါ်မှဖြည်လိုက်ပါ .. ပြီးရင်
၁။ SD Card တစ်ခုကို Card Reader နဲ့ Computer မှာ Join လိုက်ပါ (format ချမှာပါ .. Data တွေ back up ပါ)
၂။ ဖြည်လို့ ရလာတဲ့ File တွေထဲက CHANGER.bat ဆိုတာကို run လိုက်ပါ .. ပြီးရင် SDFORMAT လို့ ရိုက်ပါ
၃။ စောစောကထိုးလိုက်တဲ့ SD Card ကို MyComputer ထဲမှာသွားကြည့်ပြီး Drive Letter ကိုစစ်ပါ ။ (E: လား F: လား G:လားဆိုတာကိုကြည့်ပါ .. ပြီးရင်တော့ သူ့ Drive Letter ကိုစောစောက run နေတဲ့ အမဲရောင် BOX လေးထဲမှာသွားရိုက်ပြီး Enter ခေါက်ပါ ။

အဲဒါတွေပြီးသွားရင်တော့ Program က auto Format ချပြီး လိုအပ်တဲ့ File တွေကို SD Card ထဲသွင်းသွားမှာပါ ..
၎။ Press any key ဆိုတာပေါ်လာရင် တစ်ခုခုနှိပ်ပြီးထွက်လိုက်ပါ။
၅။ ပိတ်သွားပြီဆိုရင် Changer.bat လေးကို နှစ်ချက်နှိပ်ပြီး ထပ်ဖွင့်လိုက်ပါ ... အဲဒီမှာတော့ ကိုယ်သွင်းချင်တဲ့ ROM နာမည်ဘေးက နံပါတ်ကို ရိုက်ထည့်ပြီး Enter ခေါက်လိုက်ရုံပါပဲ ... တစ်ချို့ က နံမည်တောင်မပါ တဲ့ tablet တွေဆိုရင်တော့ .. အဖုံးကိုဖွင့်ပြီး circuit ပေါ်က နံပါတ်ကို Google search နဲ့ ရှာပြီး .. Rom ကို တွေ့ အောင် ရှာနိုင်ပါတယ် ...
၆။ နံပါတ်ရိုက်ပြီးသွားရင်တော့ y/n မှာ y လိုက်ပါ... SD ကဒ်လမ်းကြောင်းကိုမေးနေရင် စောစောကရေးထားတဲ့ Drive Letter ကိုပဲပြန်ရေးပြီး enter ခေါက်ရမှာပါ .. အားလုံးသွင်းပြီးပြီဆိုရင်တော့ press any key ဆိုပြီးပေါ်လာရင် တစ်ခုခုနှိပ်ပြီးထွက်လိုက်ပါ .. SD ကဒ်ကိုဖြုတ်ပြီး .. tablet မှာပြန်စိုက် ပြီးရင် တော့ Power On လိုက်ရုံနဲ့  ... သူ့ အလိုလို အလုပ်လုပ်ပြီး ROM တင်ပေးသွားမှာပါ .. ပိုပြီးပြည့်ပြည့်စုံစုံ ပြထားတာကတော့ဒီမှာပါ ...
http://android.webhostid.com/2012/09/universal-uberoid-wm8650-1-5-7-v12/
Uberoid /Universal Uberoid flash rom