Hard Disk တွေဘာကြောင့်ပျက် (သို့ ) Bad Sector

ကျွန်တော်တို့ သုံးနေတဲ့စက်တွေမှာ Hard Disk တွေပျက်တော့မယ်ဆိုရင် သူက ပျက်တော့မဲ့ လက္ခဏာတွေ အရင်ပြပါတယ်။ အဲဒါ ဘာတွေလဲဆိုတော့ ..
၁။ Window တက်ရင်အရမ်းကြာလာတယ်
၂။ File တွေဖွင့်ရင် Loading အရမ်းကြာလာတယ်
၃။ File တွေဖွင့်ရင်း restart ကျသွားတတ်တယ်

ဒါတွေကို သတိထားမိနေပြီဆိုရင်တော့ သင့်ရဲ့ Hard Disk ဟာပျက်ဖို့ လက်တစ်ကမ်းအလိုမှာ ရှိနေပြီဆိုတာကို သင်ကောင်းကောင်းသိရတော့မှာပါ။ ဘာလို့ အခုလို ဖြစ်ရတာလဲဆိုတော့ . . Hard Disk ရဲ့ အားနည်းချက်ကြောင့် ပါ။
၁။ Head အသုံးပြုတာ အရမ်းများတဲ့အချိန်မှာ (Data ကူးနေတဲ့အချိန်မျိုးပေါ့) Restart ကျသွားတာ ။ မီးပျက်သွားတာကြောင့် Head နေရာမမှန်ရင် HDD ရဲ့ မျက်နှာပြင်မှာ အစင်းလေးတွေထင်သွားတတ်ပါတယ်။
၂။ HDD ရဲ့  သံလိုက်စက်ကွင်းနေရာမမှန်မှုကြောင့် လည်း error ဖြစ်တတ်ပါတယ်
၃။ HDD အပြားကြီးရဲ့ Memory Transistor သိမ်းဆည်းမှု error ကြောင့်လည်းပျက်တတ်ပါတယ်

ဒါတွေဖြစ်လာပြီဆိုရင် Bad Sector လို့ ခေါ်တဲ့ System က မဖတ်နိုင်တော့တဲ့ နေရာလေးတွေ HDD ရဲ့ မျက်နှာပြင်ပေါ်မှာရှိသွားပါပြီ ။ပုံမှန် စနစ်အရတော့ အခုလို Bad Sector တွေ ဖြစ်လာပြီဆိုရင် OS ဟာ အဲဒီ sector ပေါ်မှာရှိနေတဲ့ Data တွေကို skip လုပ်လိုက်ပါတယ်။ မဖတ်နိုင်တော့တဲ့အတွက်ကြောင့်ပါ။ ဒါပေမယ့် သင်ကိုယ်တိုင်က အဲဒီနေ့ ရာမှာ ထည့်ထားတဲ့ Data ကိုကြည့်ဖို့ ဖွင့်လိုက်တဲ့အချိန်မှာတော့ .. Loading တွေပြပြီး ဆက်တက်မလာတာ .. Restart ကျသွားတာ . Hang နေတာတွေကို ကြုံရမှာပါ။ အဆိုးဆုံးကတော့ Window File တွေရှိနေတဲ့နေရာမှာ Bad Sector ဖြစ်ခဲ့မယ်ဆိုရင်တော့ Window တက်တာအရမ်းကြာတာတွေ .. တက်မလာတော့တာတွေကိုကြုံရမှာပါ ..

ဒီလိုမဖြစ်အောင်ကာကွယ်ဖို့ အတွက် Microsoft ကနေ Disk Error Checking (CHKDSK) Service ကို ထည့်ပေးထားပါတယ်။ Hard Disk Partition ကို Rightclick-properties (Tools Tab) မှာ Error-Checking ဆိုတာပါပါတယ်. သူ့ ကိုဖွင့်ပြီး Scan and Attemp Bad Sector recovery ဆိုတာနဲ့ သာ မကြာခဏ စစ်ဆေးပေးနေမယ်ဆိုရင် ဒီလိုအဖြစ်မျိုးတွေ မဖြစ်လာနိုင်တော့ပါဘူး . (Physical Sector ပျက်တာကလွဲလို့ ပေါ့). ဒါပေမယ့် ပျက်နေပါပြီဆိုတဲ့ စက်မျိုးကျတော့ ဒီလိုသွားစစ်ရင် မတိုးတော့ပါဘူး ..
သူ့ ကို Hiren Boot CD 15 ထဲက Dos Application တွေထဲက HDAT လို မျိုး ။ HDD Regenerator လို ဟာမျိုးနဲ့  ပြန်စစ်မှသာရပါတော့မယ် ။။။။