HTC Wildfire S ကို Root လုပ်မယ်

Root လုပ်ရတာ အာရုံအနောက်ဆုံးဖုန်းတွေထဲမှာ ဒီ HTC ဆိုတဲ့ အမျိုးအစားကတော့ ထိပ်ဆုံးကပေါ့ . ကဲစမယ်ဆိုရင်တော့ ဖုန်းကို wifi ဖွင့်ထားပြီး( ဖုန်း Data Network နဲ့ လည်းရ) Setting ထဲက about ဖုန်းထဲက Software Update ဆိုတာကို နှိပ်ပါ . အားလုံး အိုကေလိုက်လုပ်လိုက်ပါ . agree လုပ်လိုက်ပါ . ဒါဆိုရင် ဖုန်းဗားရှင်းကို စမြှင့်နေပါပြီ. ပြီးအောင်စောင့်ပါ . Restart တွေဘာတွေကျသွားပါလိမ့်မယ် .တက်လာရင်တော့ ဖုန်းဗားရှင်းမြင့်သွားပါပြီ . ပြီးရင်စောစောကအဆင့်တွေအတိုင်းနောက်တစ်ခေါက်ထပ်မြှင့်ပါ .ဒေါင်းလုပ်ထပ်ဆွဲနေပါလိမ့်မယ် . ပြီးအောင်စောင့်ပါ။ Restart ထပ်ကျရင်စောစောကအတိုင်းထပ်မြှင့်ကြည့်လို့ Latest Upgrade ဖြစ်သွားတော့မှ Bootloader Unlock လုပ်လို့ ရမှာပါ။ Bootloader ...  Unlock လုပ်ဖို့ အတွက် ဒီကနေကြည့် လိုက်ပါ HTC One X Root
တစ်ခုပဲပြောင်းပေးရမှာပါ Select Your Device မှာ All Supported Model မဟုတ်ပဲ HTC Wildfire S * ကိုရွေးပေးရမှာပါ ....
Unlocked ဖြစ်သွားပြီဆိုရင် ...
၁။ ဖုန်း Setting ထဲက Fastboot ကို အမှန်ခြစ်ဖြုတ်ထားပါ
၂။ Fastboot.rar ကို ဒေါင်းပြီး Desktop ပေါ်မှာဖြည်ထားပါ
http://www.4shared.com/rar/BIV7a07M/Fastboot.html
၃။ Clockmod Recovery ကိုသွင်းရန် http://www.4shared.com/zip/QA8h7QA_/PG76IMG.html သူ့ ကို ဒေါင်းပြီး Zip ဖြည်ပါ . ရလာတဲ့ recovery.img File ကိုစောစောက Desktop ပေါ်က Fastboot ဖြည်ထားတဲ့ Folder ထဲကိုထည့်ပါ .
၎။ Root လုပ်မယ့် ZIP ကို ဒီမှာဒေါင်းပါ . .http://www.4shared.com/zip/nqi_5D4U/root.html
.အားလုံးပြီးသွားပြီဆိုရင် . . . ဖုန်းကိုပိတ်လိုက်ပြီး Batter ဖြုတ် ၅ မိနစ်လောက်ထားပါ ။ပြီးရင် Volume Down ကိုဖိထားပြီး Power ကို နှိပ်လိုက်ရင် Bootloader Screen ပေါ်လာပါလိမ့်မယ် .အဲဒီမှာ Fastboot ဆိုတာကိုနှိပ်ပြီး USB ကြိုးတပ် ကွန်ပြူတာမှာလာထိုးလိုက်ပါ . . Driver ကိုသိနေမှရမှာနော် မသိတဲ့သူတွေက http://www.4shared.com/file/eybYAuIS/HTCDriver300007.html ကိုဒေါင်းပြီးအရင်သွင်းပါ . အိုကေပြီဆိုရင် . .ကွန်ပြူတာမှာ Run Box ထဲမှာ CMD လို့ ရိုက်ပါ . . ပြီးရင် cd desktop လို့ ရိုက်ပါ။ ပြီးရင် cd fastboot လို့ ရိုက်ပါ (Desktop ပေါ်က Fastboot Folder ထဲကိုသွားတာပါ)။ ပြီးရင်တော့ ဒီ Command ရိုက်ပါ . . .
fastboot flash recovery recovery.img
Enter နှိပ်ပါ . . ပြီးရင် ဖုန်းကို Reboot လုပ်ပါ .
(CWM Zip ကို Bootloader က Auto Detect မသိနိုင်တဲ့အခါသုံးပါတယ် ကျွန်တော်လုပ်တုန်းက Zip ကနေ Install လုပ်လို့ မရတဲ့အတွက် ဒီ Command တွေရိုက်ရတာပါ)
ဒါဆိုရင်တော့ CWM သွင်းပြီးသွားပြီဖြစ်တဲ့အတွက် . ဖုန်းထဲက SD Card ထဲကို Root.zip လေးကိုထည့် ပြီး . Voulme Down + Power နဲ့ Bootloader ပြန်ခေါ်ပါ . ပြီးရင် Recovery ထဲကို ၀င်ပါ .. Install Update From Zip ကိုရွေးပြီး SD Card ထဲက Root.zip ကိုရွေးပေးလိုက်ပါ . . ပြီးသွားရင်တော့ Reboot လုပ်ပါ . ဒါဆိုရင်တော့ Root လုပ်လို့ ရသွားပြီဖြစ်သလို ကျွန်တော်လည်းလက်ညောင်းသွားပါပြီ . . . :D