ကိုဘိုမောင်ရဲ့ U8825D အတွက် Unroot

ကိုဘိုမောင်ရေ .. ကျွန်တော့်မှာ လတ်တလော စမ်းစရာ 8825 က မလွယ်တော့ နည်းလမ်းတွေပဲ ပေးရတော့ မယ် .. သေချာစမ်းပြီးမှ ရတယ် ဒီအတိုင်းလုပ်ဆိုတာမျိုးရေးချင်ပေမယ် .. အချိန်နဲ့ အခက်အခဲလေးတွေကြောင့်ပါ .. ဒီနည်းလမ်းတွေမှ မရဘူးဆိုရင်တော့ ကျွန်တော် ရအောင်လုပ်ပြီး Reply လုပ်ပေးမှာပါ ...  အခုတော့ အကောင်းဆုံး Unroot Tools တွေကို အလွယ်တကူ သုံးပြီး Unroot လုပ်တဲ့ နည်းနဲ့ ပဲ စမ်းကြည့်လိုက်ပါဦး ....
Z4Root ပါ ... 
Huawei ဖုန်းတွေ အတော်များများနဲ့ ကိုက်ပြီး ဖုန်းထဲမှာ အလွယ်တကူ Install လုပ်ပြီး Unroot လုပ်နိုင်ပါတယ် ။

SuperOneClickv233-ShortFuse_2
သူကလည်း Unroot လုပ်ပေးနိုင်တဲ့ နေရာမှာ ဆရာကြီးပါပဲ .. Download လုပ်ပြီး Zip ဖြည်ပါ .. ရလာရင် SuperOneClick.exe ဆိုတာကို ဖွင့်ပြီး UNROOT ဆိုတာကြီးကို နှိပ်ရမှာပါ .. မနှိပ်ခင် Computer နဲ့ ဖုန်းနဲ့ ကို USB ကြိုးနဲ့ Join ထားရပါတယ် ... ဖုန်းမှာ USB Debugging On ထားရပါတယ် ..

unlockroot_v30
သူ့ ကိုလည်း ဖုန်းမှာ USB Debugging On ထားပြီး .. PC နဲ့ ချိတ် .. unlockroot ကို Install လုပ်ပြီး .. Unroot ဆိုတာကိုနှိပ်လိုက်ရုံပါပဲ ...

ဒါပေမယ့် .. SuperOneClick ရော Unlockroot ကိုရော သုံးတော့မယ်ဆိုရင် Driver သွင်းပြီးသားဖြစ်နေမှရပါ မယ် . ဖုန်းကို USB နဲ့ ချိတ်လိုက်တဲ့အချိန်မှာ .. Mobile Partner တက်လာပါတယ် .. အဲဒီ Autoplay ကို Open Folder လုပ်ပြီးဖွင့်ပါ Driver ထဲက Huawei Driver ကို အရင် Install လုပ်ပါ ..
စမ်းကြည့်လိုက်ပါဦး တော်ရုံတန်ရုံဖုန်းဆိုရင်တော့ ဒီသုံးခုထဲက ပြေးမလွတ်ပါဘူး .. မရရင်လဲပြန်ပြောပါဦးဗျာ ... :)