Android ဖုန်းတွေမှာ ဘာလို့  Version မြှင့်ကြတာလဲ (မအိ)

Android ဖုန်းတွေမှာ Version မြှင့်ပြီး သုံးကြတယ်ဆိုတာ ... ကွန်ပြူတာတွေမှာလို ပါပဲ ... ကျွန်တော်တို့  Window 98 တွေ ကိုသုံးလာကြတယ် . နောက် XP ပေါ်လာတော့ XP ကိုပြောင်းသုံးတယ် .. အခု ဆို Window7 ကိုပဲလူတိုင်းသုံးနေကြတာ .. ဘာလို့ အဲဒီလို မြှင့်ပြီးလိုက်သုံးလာကြလဲ ဆိုတော့ Software အသစ်တွေ .. နောက်ဆုံးပေါ်ဂိမ်းတွေကို ကစားနိုင်ဖို့  .. Graphic ပုံစံလေးတွေ ခေတ်မှီ ဆန်းပြားနေစေ ဖို့ ... စတဲ့ အချက်တွေ အတိုင်း Android မှာလဲ ထူးမခြားနားပါပဲ .. Version တစ်ခုနဲ့ တစ်ခု အကူးအပြောင်းဟာ အရင် Version မှာ မပြည့်စုံမကောင်းမွန်ခဲ့တာတွေကို နောက် Version အသစ်မှာ ထပ်ဖြည့် ပိုကောင်းအောင်လုပ်ထားတော့ Version အသစ်ဆိုတာ အဟောင်းထက်တော့ ကောင်းကိုကောင်းတယ်လို့ ပြောလို့ ရပါတယ်... အဲ ခြွင်းချက်တော့ရှိပါတယ် Custom ROM ကိုမဆိုလိုပါဘူး  ... ကိုယ်ဝယ်ထားတဲ့ ဖုန်း ကုပ္မဏီ က ထုတ်ပေးထားတဲ့ Version ကို Official Version လို့ ခေါ်ပြီး .. အပြင်တစ်ခြား Android Developer တွေက ထုတ်လုပ်လိုက်တဲ့ ROM တွေကို တော့ Custom Rom လို့ ခေါ်ပါတယ်... Official နဲ့  Custom နဲ့ ဘာတွေကွဲပြားခြားနားလဲဆိုတော့ ...
၁။ Official ROM မှာ Error ဆိုတာမရှိသလောက်ကိုနည်းပါးလွန်းပါတယ်
၂။ Custom ROM မှာတော့ Error တွေခဏခဏတက်နိုင်သလို Service တွေမပြည့်စုံတာမျိုးတွေရှိတတ်ပါတယ်
၃။ Official ROM ဟာ ကိုယ့်ဖုန်း ထုတ်တဲ့ စက်ရုံကထည့်ပေးတာဆိုတော့ ဖုန်းရဲ့ CPU တွေ GPU တွေ Memory တွေအပေါ်မှာ ဘယ် Version လောက်အထိပဲ အသုံးပြုနိုင်မလဲဆိုတာတွက်ချက်ပြီး ထုတ်ထားတာပါ ...
၎။ Custom ROM ကတော့ ဒါတွေကို သိပ်မစဉ်းစားထားပါဘူး ..
ဒါဆိုရင်တော့ ဘယ် Version ကိုမြှင့်သင့်လဲဆိုတာ ကိုယ့်ဟာကိုယ် ဆုံးဖြတ်နိုင်ကြမယ်ထင်ပါတယ် ...
တစ်ချို့ ဖုန်းတွေဟာ ဖုန်းကနေ Update Unavailable ဖြစ်နေပေမယ့် Company ကတော့ ROM ထုတ်ထားပေးတာမျိုးရှိတတ်ပါတယ် .. ရှာဖွေကြည့်ပါ ..
တစ်ရွာမပြောင်းသူကောင်း မဖြစ်ဆိုတဲ့ စကားရှိသလို .....
ထသွားမှ ကျိုးမှန်းသိမယ်ဆိုတဲ့ စကားပုံလေးကို နားလည်ပြီဆိုရင် Custom ROM ကိုမြှင့်လို့ ရပါပြီ ... :)