Laptop အချင်းချင်း .. ဘယ်လို ချိတ်ဆက်မလဲ ?? Internet ဘယ်လို Share မလဲ












သိပြီးသားလူတွေအတွက် တော့ဘာမှအရေးမပါတဲ့ Post တစ်ခုပါပဲ ... ဒီ Post မှာကတော့ Laptop တွေအချင်းချင်း Wireless နဲ့ ဘယ်လိုချိတ်ကြမလဲဆိုတာ ကိုပြောပြပေးမှာပါ ။ အခု Laptop နှစ်လုံးဖွင့်လျက်ရှိနေတယ်ဆိုကြပါစို့  ..
၁ ။ တစ်လုံးကိုအရင်သွားပြီး .. taskbar ရဲ့ညာဘက်ထောင့် နာရီဘေးက Wireless ပုံကို Right Click ထောက်ပြီး Open Network And Sharing Centre ကို နှိပ်လိုက်ပါ ... (Wireless တွေကို ဖွင့်ထားပြီးသားဖြစ်ရပါမယ်)
၂ ။ Setup A New Connection Or Network ကိုထပ်နှိပ်ပါ
၃ ။ Choose A Connection Option ရောက်ရင် Scroll နှိပ်ပြီးအောက်ဆွဲချပါ
Setup A wireless ad hoc (computer-to-computer) Network ကိုနှိပ်ပါ ..
၎ ။ ပြီးရင် Next နှိပ်ပြီး Network အတွက်ကြိုက်ရာ Name တစ်ခုပေးပါ .. Password ထားမယ်ဆိုရင် Security Key မှာ Password ပေးလိုက်ပါ .အနည်းဆုံး ၈ လုံးပေးရပါတယ်. Password မပေးချင်ရင်တော့ security Type နေရာမှာတစ်ချက်နှိပ်ပြီး ..  No Authentication (Open) ကိုရွေးလိုက်ပါ .. ပြီးရင် Next နှိပ်လိုက်ရင် Network ကို Creating လုပ်နေပါပြီ ..
Ready to use ဆိုရင်တော့ နောက် စက်တစ်လုံးကိုသွားပြီး Wireless ပုံလေးမှာ left-Click တစ်ချက်နှိပ်လိုက်ပြီး ..စောစောကထောင်ခဲ့တဲ့ Network ကို Join လို့ ရပါပြီ ..
..............
အခုဆိုရင် Network နှစ်ခုမိနေပြီဖြစ်တဲ့အတွက် Dota တွေ General တွေ ဆော့လို့ရနေပါပြီ .. ဒါပေမယ့် မကျေနပ်သေးပါဘူး .. သူငယ်ချင်းရဲ့ ဖုန်းကနေရနေတဲ့ အင်တာနက်လိုင်းကို Laptop တွေအားလုံးက စုပြုံပြီး သုံးချင်ပါသေးတယ် .. အိုကေ ရပါတယ် .. တစ်ခုတော့ရှိတယ် .. USB ကနေ Join ထားပြီး . USB Tethering နဲ့ သုံးနေမှရပါမယ် . (LAN Cable နဲ့ ရနေတဲ့အင်တာနက် ဆိုလဲရပါတယ်)
၁ ။ အင်တာနက်ရနေတဲ့ laptop မှာသွားပြီး .. Window+ r ကိုနှိပ် Run ကိုခေါ်လိုက်ပါ ..
၂ ။ ncpa.cpl လို့ ရိုက်ပါ .. ပေါ်လာရင်
၃ ။ internet မိနေတဲ့ connection ကို Right-Click ထောက်ပြီး Properties ထဲဝင်ပါ .. အပေါ်ဘားက Sharing ကိုနှိပ်ပါ .. Allow other network users to connect through this computer's internet connection ကို အမှန်ခြစ်ပေးလိုက်ပါ ..(တစ်ချို့ Sharing တွေ 64-bit မှာဆို ဘယ်network ကို share မလဲဆိုတာပါထပ်ပြီး ရွေးပေးရပါတယ် .. ဒါဆိုရင် wireless Network connection ကိုထပ်ရွေးပေးရမှာပါ)
ဒါဆိုရင် အိုကေသွားပါပြီ ... :)