Window Password Cracking by Brute Force (NT hash)

ကျွန်တော် အရင်တုန်းက Logon ဖြစ်နေတဲ့ အချိန်မှာ Password ပြောင်းတဲ့ cmd နည်းလေးကို ပြပြီးသွားပါပြီ ... ဒီတစ်ခါတော့ ပို ဆရာကျတဲ့ အကွက်ကို ပြောပြပါမယ်...
....
သိတဲ့အတိုင်းပဲ Computer ဆိုတာ ဘယ်လိုပဲ Password ခံခံ ဖောက်လို့ ရတဲ့ အမျိုးဆိုတော့ .. ဟိုးး BIOS Password ကို battery ဖြုတ်ပြီး ဖျောက်တယ် ... Window Password ကို Hiren Boot ထဲက active password changer လို software မျိုးနဲ့ .. SAM ကို ဖျက်ဝင်တယ် ... ဒါပေမယ့် .. ဒါက အသိအသာကို လုပ်လိုက်တဲ့ Security ချိုးဖောက်ခြင်းတွေပါ .. ဒီလို ဖျက်ဆီးဝင်ရောက်လိုက်တာနဲ့ နဂို Password တွေပြန်မရ နိုင်တော့ပဲ အသုံးပြုခွင့်သာရလေတော့ .. မိဘတွေ ပြန်ပိတ်လိုက် သားသမီးတွေက ပြန်ဖျက်လိုက်နဲ့  .. သံသရာလည်နေပါလေရော ...
ကဲ ... အခုတော့ နှစ်ဦးနှစ်ဖက် ပြေလည်မဲ့ နည်းတွေ့ သွားပါပြီ ..
Window Password တွေကို ဘယ်သူတွေဘာတွေ ပေးထားသလဲ စိတ်ဝင်စားစွာနဲ့  .. ရင်ခုန်စောင့်စား ကြည့်ရှုနိုင်ပါပြီ ... သူပေးထားတဲ့ Password ကို သိသွားတော့ ဖျက်စရာလဲ မလို သူလဲမသိ .. အိုကေ စိုပြေပဲ နေမှာ ... :P ...
ဒါပေမယ့် Password အားလုံးရမယ်လို့ တော့ မပြောဘူးနော် ... ဒီ အပေါ်ကတစ်ခုက စာသား ၅ - ၈  လောက်ပေးထားတဲ့ Password ကိုပဲ ဖော်နိုင်တယ် .. ခပ်လွယ်လွယ် နဲ့ နည်းနည်းပဲ ပေးတတ်တဲ့သူတွေ ဆိုရင်တော့ ဒီကောင်နဲ့ တင်တန်းပေါ်လာမှာပါ ..
ဒီမှာဒေါင်းပါ ---> ophcrack 3.6.0 (window)
ophcrack 3.6.0 (Linux)
ဒေါင်းလို့ ရလာရင် install လုပ်လိုက်ပါ .. ပြီးရင် Desktop ပေါ်မှာ ပေါ်လာပါလိမ့်မယ် .. သူ့ ကို run လိုက်ပါ ..
ပြီးရင် Load ကို နှိပ်ပါ .. Load SAM with pwdump6 ကိုရွေးလိုက်ပါ .. ပြီးရင် အပေါ်တန်းက Crack ဆိုတာကို နှိပ်လိုက်ပါ .. ဒါဆိုရင်တော့ အောက်က status bar ထဲက brute force ဆိုတဲ့ အကွက်ထဲမှာ ၁၀၀ ပြည့်အောင် စောင့်လိုက်ပါ .. ပြည့်သွားရင် သူဖော်နိုင်တယ်ဆိုရင် Username ဘေးမှာ password ပေါ်လာမှာဖြစ်ပြီး မရှာနိုင်ရင်တော့ .. not found လို့ ပြသွားမှာဖြစ်ပါတယ် ...
..
ဒီမှာတွေ့ ပြီဆိုရင်တော့သက်သာပါတယ် ... အဲ .. မတွေ့ သေးဘူးဆိုရင်တော့ ဒီ့ထပ်ရှုပ်တဲ့နည်းနဲ့ ထပ်စမ်းရမှာပါ ... အရင်ဆုံး ဒီဖိုင်တွေကို ဒေါင်းလိုက်ပြီး DVD အခွေအလွတ်တစ်ခုရှာထားလိုက်ပါ ...
ophcrack livecd Window7/Vista iso (649 Mb)
ophcrack livecd WindowXP iso (680.5 Mb)
ကိုယ့် Window နဲ့ ကိုက်မဲ့တစ်ခုကိုဆွဲပါ ..
ပြီးရင် ultra ISO with serial number ကိုထပ်ဆွဲပါ .. ရပြီဆိုရင်တော့ ultra ISO ကို သွင်းပါ .. license ဖြည့်ပါ ..
ပွင့်လာပြီဆိုရင် Tool ထဲက Burn CD/DVD Image ကိုနှိပ်လိုက်ပါ . အခွေထည့်ပါ .. Image file ရဲ့ညာဘက်ဒေါင့်က အစက်သုံးစက်ကိုနှိပ်ပြီး .. ဒေါင်းထားတဲ့ ISO file ကိုရွေးလိုက်ပါ .. ပြီးရင် burn ကိုနှိပ်ပါ ..
အားလုံးပြီးသွားလို့ အခွေပြန်ထွက်လာပြီဆိုရင်တော့ restart ချ ၊ BIOS ထဲဝင် first Boot မှာ DVD-Rom ကိုရွေး (အသေးမစိတ်တော့ဘူးနော်). ပြီးလို့ restart ထပ်ချလိုက်တာနဲ့  .. OPHCRACK Live CD ဆိုပြီးလူပုံတွေပေါ်လာပါမယ် .. Graphic Mode - Automatic ကိုပဲရွေးလိုက်ပါ .. ပြီးရင် ခဏ Loading စောင့်ရပါတယ် ... ၂ မိနစ်လောက်နေရင်တော့ LinuxOS ဒီဇိုင်းနဲ့ .. Window တက်လာပါမယ်အဲဒီမှာ လဲ Status ထဲမှာ ၁၀၀ % ပြည့်အောင် စောင့်ပါ .. ပြီးရင် အစိမ်းရောင် ဘားလေးတက်လာတာ နဲ့ အမျှ အလုပ်လုပ်နေတာပါ .. Password ရှာတွေ့ ပြီဆိုရင်တော့ UserName ရှိတဲ့ အကွက်ထဲမှာ လာပေါ်ပါတယ် .. အစိမ်းတန်းသာဆုံးသွားတယ် ပေါ်မလာဘူးဆိုရင်တော့ .. ဒီလူဟာ Password ပေးတော်တော်ကျွမ်းတယ်လို့ ယူဆပြီး .. Manual ပဲ ပါးစပ်ကမေးပြီးတောင်းလိုက်ပေတော့ .. :P
ဟဲဟဲ ... အဲလိုပြောလို့  ဒီလိုမျိုး Password တွေကို ဖောက်မရဘူးမထင်နဲ့ နော် .. သူ့ ကိုဖောက်လို့ ရမဲ့ Rainbow Table က ၃ က နေ ၉ Gigabye အထိရှိလေတော့ မြန်မာပြည် connection နဲ့  .. ဆွဲမရသေးလို့ ပါ ..
အဆင်ပြေကြပါစေ ... :D