China clone S3 factory Reset/ spd i9300 hard reset

ကျွန်တော့်ရဲ့ဖြစ်ပုံကတော့ ... ကျွန်တော့်ဆီကို ဖုန်းတစ်လုံး Screen Lock ကျသွားလို့ ဆိုပြီးရောက်လာတယ် .. အမှတ်တမဲ့ကြည့်လိုက်တော့ Galaxy y ဆိုပြီး အေးဆေးလက်ခံလိုက်တာပေါ့ ..
အိုးး .. နောက်တော့မှ အကြီးအကျယ်ကို ဒုက္ခပေးတော့တာကိုး .. နောက်ဖုံးကို ဖွင့်ကြည့်လိုက်တော့ GT-i9300 တဲ့ .. သေပဟ .. S3 Model ကြီး .. တော်တော်ကြီးကို အသိနောက်ကျသွားတာပေါ့

.. တစ်ရက်လောက်တိုင်တော်တော်ပတ်သွားတယ်...
spreadtrum Packet တွေကလဲ ရှာမှရှားး ..
CWM လဲသွင်းမရ ..
Google ကတောင် လက်မြှောက်ချင်နေပြီး ... result ၄ ။ ၅ခုလောက်ပဲတွေ့ ...
mm.mpx ကရတဲ့ အချက်လေးတွေကြောင့် ကျွန်တော် အဆင်ပြေသွားပါတယ် .. တိုက်ရိုက်ကြီးတော့ မဟုတ်ဘူးပေါ့ ...
ဒါ့ကြောင့်သူတို့ ကို သွယ်ဝိုက်ပြီးတော့ Credit ပေးပါတယ် ။။ :P
...
ကဲစမယ်လေ ..
ပထမဆုံး .. Spreadtrum Driver ကိုဒေါင်းပြီး rar ဖြည်ပါ .. DPInst.exe ကို run ပြီး yes တွေ OK တွေ ၃ခါလောက်လုပ်ပါ ..
ပြီးရင် ... ResearchDownload.rar ကိုဒေါင်းပါ ..
ပြီးရင် ... cwm_recoveryi9300.pac ကိုထပ်ဒေါင်းပါ ...
ပြီးရင် .. ShuameSetup 1.1.6.rar ကိုထပ်ဒေါင်းပါ ...
အိုကေ ... ပြီးပြီဆိုရင်တော့ ..

ResearchDownload.rar ကို ဖြည်ပြီး .. bin ထဲက ResearchDownload.exe ကို run ပါ ..
ပေါ်လာရင်ဘယ်ဘက်ထောင့် အပေါ်ဆုံးက စက်သွားတစ်ခုပုံစံ (Load Packet) ကိုနှိပ်ပြီး .. ဒေါင်းထားတဲ့ cwm_recoveryi9300.pac ကိုရွေးထည့်ပေးပါ ..
ပြီးရင်တော့ Play ပုံစံနဲ့(Start Downloading) Button ကိုတစ်ချက်နှိပ်လိုက်ပါ ..
ဒါတွေပြီးသွားရင် ... သင့်ဖုန်းကို Power ပိတ်ပြီး ကွန်ပြူတာနဲ့  USB ကြိုးကနေ လာ join ပါ ..ပြီးရင် . Volume Down ကိုဖိပြီး Power ကိုဆက်နှိပ်ထားပါ . Android ပုံတက်လာတော့မှ

နှစ်ခုလုံးကို လွှတ်လိုက်ပါ ..
အိုကေ .. ဒါဆိုရင် ResearchDownload ရဲ့ Port 7 နေရာမှာ အလုပ်တွေလုပ်သွားပါလိမ့်မယ်. .. ၁၀ စက္ကန့် လောက်ကြာပါမယ် .. ပြီးလို့ Pass ပြပြီဆိုရင် ဖုန်းBattery ကိုဆွဲဖြုတ်လိုက်ပါ ..

ကြိုးကိုရောပဲဖြုတ်ပါ ...
ပြီးရင် .. ဒေါင်းထားတဲ့ Shuame Setup ကို တွေ့ ရာခလုတ်နှိပ်ပြီးရအောင်သွင်းလိုက်ပါ . :P
ပြီးရင် ဖုန်းကို battery ပြန်ထည့်ပြီး .. ကွန်ပြူတာမှာလာချိတ် .. volume Down + Power နှိပ်လိုက်ပြီး စောစောက လို စောင့်ပါ ...
ဒါဆိုရင်တော့ screen အဖြူရောင်ကြီးမှာရပ်နေပါလိမ့်မယ် ..
အဲဒီရောက်တော့မှ Shuame ကိုဖွင့်လိုက်ရင် Loading ပြပြီး ဖုန်းတစ်လုံးပုံနဲ့ ဘားတန်းမှာ အပြာတွေ အစိမ်းတွေ ပြနေပါလိမ့်မယ်. ..
ဒါဆိုရင်တော့ သူ့ အပေါ်ဘား (menu bar)က ၅ ခုမြောက် ပြတင်းပေါက်ပုံစံ (M ပုံစံညာဘက်က) နေရာကို ကလစ်တစ်ချက်နှိပ်လိုက်ပါ ...
ပြီးရင်တော့ အလယ်တန်း ညာဘက်အစွန်းမရောက်ခင် (Z ပုံ မရောက်ခင်) စက်သွားသုံးခုနေရာမှာ တစ်ချက်နှိပ်ပါ ..
ဒါဆိုရင်တော့ သင့်ဖုန်းက Restart ကျသွားမှာ ဖြစ်ပြီး ပြန်တက်ချိန်ဟာ ၅ မိနစ်လောက်ကြာတတ်ပါတယ် ..
ပြန်တက်လာရင်တော့ ... Factory Reset ကျပြီးသားဖြစ်နေမှာပါ ..
စာတွေလဲ တစ်လုံးမှပေါ်မှာ မဟုတ်ပါဘူး setting ထဲက A ပုံလေး အပေါ်ဆုံးအကွက်ကိုနှိပ်ပြီး .. English ကိုရွေးပေးလိုက်ပါ ..
အိုကေမှာ စိုပြေကြပါစေ ... :)