Easy Cyber Cafe (Standalone မြန်မာ ဗားရှင်း)

ရိုးရိုးရှင်းရှင်း လွယ်လွယ်ကူကူ ပဲ သုံးချင်တဲ့ ဆိုင်ရှင်တွေ . Cafezee တို့  Handy Cafe တို့ လို Software အမြင့်တွေနဲ့ စိတ်ရှုပ်မခံချင်တဲ့သူတွေ အတွက် ဒီ Software လေးက အဆင်ပြေစေမှာပါ .. ဘာမှရှုပ်ရှုပ်ထွေးထွေးမရှိပါဘူး ... အချိန်စ မှတ်မယ်ဆိုရင်တော့ ကွန်ပြူတာပုံလေးမှာ ကလစ် တစ်ချက်နှိပ်လိုက်ရုံပါပဲ .. Break လုပ်ထားမယ် ခဏ ထွက်နေမယ်ဆိုရင်တော့ အနီရောင် Stop ပုံလေးမှာ နှိပ်ထားလိုက်ရုံပါ။ ပြီးပြီ .. ရှင်းမယ်ဆိုရင်တော့ ကြာချိန်ကို ကွန်ပြူတာပုံအောက်မှာ Counter နဲ့ ပြပေးနေတဲ့ အချိန်ကိုတွက်လိုက်ရုံပါပဲ .. ကျသင့်ငွေကို အခုလို မတွက်ချင်ဘူး .. Auto ထွက်စေချင်တယ်ဆိုရင်တော့ .ညာဘက် အောက်ဒေါင့်က Money Display ကိုနှိပ်ပြီး အမှန်ခြစ်လိုက်ပါ. သင့်ဆိုင်ရဲ့ တစ်နာရီ ကျသင့်ငွေ ကို ရိုက်ထည့်ပြီး Save လုပ်လိုက်ရုံပါပဲ။ ဒါဆိုရင်တော့ Close ဆိုတာကို နှိပ်လိုက်တာနဲ့  Total Cost ကို ပြပေးမှာပါ ။ စမ်းသုံးကြည့်ကြပါဦး ...
Download Easy CyberCafe