Making Bootable USB ( USB တွင် Bootable CD များထည့်သွင်းခြင်း)

USB Stick တစ်ချောင်းထဲကနေ Window XP/ 7 / 8 အစုံတင်နိုင်မယ်၊ Linux ကိုလဲ သုံးနိုင်မယ် ၊ HirenBoot လို Ophcrack လို LiveCD တွေလဲထည့်ထားနိုင်မယ် .. အရင်ကလို အခွေတွေသိမ်းထားစရာမလိုတော့ဘူး .. DVD-Drive မရှိတဲ့စက်တွေ အတွက်လဲ OK တယ်. Service သမားတွေအကြိုက်တွေ့မှာပါ ..
Stick တစ်ချောင်းထဲကနေ အခွေစုံ Boot တက်နိုင်ဖို့ အတွက် ဒါလေးကို အရင် Download ဆွဲလိုက်ပါ ..
Download Xboot
ပြီးရင်တော့ Ultra ISO ကို Download ဆွဲပါ ..
Download Ultra ISO with Serial
စစဖွင့်ချင်းမှာ Enter Registration မှာ Serial Number နဲ့ Name ပဲထည့်လိုက်ရင်ရပါပြီ ..
Crack File ကို ကူးထည့်စရာမလိုပါဘူး .. ကူးလိုက်ရင် Full Version ပျက်သွားပါမယ် ..
.....................................................................................................................................
အိုကေ .... ဒါဆို Xboot စသုံးပါမယ် ...
ကိုယ် Stick ထဲထည့်ချင်တဲ့ Bootable CD တွေ (Window ခွေ / Hiren Boot) စတာတွေကို Drive ထဲထည့်ပြီး Right-Click နဲ့ Create CD/DVD image လုပ်ပြီး တစ်နေရာမှာ သိမ်းထားပါ။
ပြီးရင် Xboot ကို Run လိုက်ရင်ဘေးက ပုံပေါ်လာ ပါမယ်. အဖြူရောင်အကွက်လွတ်ထဲကို စောစောက iso လုပ်ထားတဲ့ Bootable CD image (.iso) file တွေ ဆွဲထည့်ပါ.







ဒီပုံပေါ်လာရင် Blank Down Arrow နေရာကိုနှိပ် ပြီး အပေါ်ဆုံးအကြောင်းကို ရွေးလိုက်ပါ. ပြီးရင် Add This File နှိပ်လိုက်ပါ.

Category တွေပေးထားရင် ပိုရှုပ်တတ်ပါတယ် ..
ဒီလိုပုံမျိုးပေါ်မလာပဲ တန်းဝင်သွားတယ် ဆိုရင်လဲ စိတ်မကောင်းမဖြစ်ပါနဲ့ .. သူ Auto သိထားတဲ့ Live CD တွေဆိုရင်တစ်ခါတည်းဝင်ပါတယ် ။။

အားလုံးပြီးပြီဆိုရင် တော့ Create USB ဆိုတာကိုနှိပ်ပြီး ပြီးအောင်စောင့်လိုက်ပါ ...
Bootable USB လေးကို အသုံးချနိုင်ကြပါစေ ..
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
စိတ်ဝင်စားတဲ့သူရှိမှပဲ  Background Change နည်းနဲ့  .. Menu ပြင်နည်းပြောတော့မယ် ...