Beginner For Android Programming (Button အသုံးပြုခြင်း နှင့် OnclickActionListener ) - အခန်း (၄)

ကျွန်တော်တို့  အခု Button တစ်ခု၊ TextView တစ်ခု နဲ့ စပြီး စကြပါမယ် ..
ဒီဘေးကပုံတော့ မဟုတ်ပါဘူး .. ဒါကတွေ့ ကရာလျှောက်တင်ထားတာပါ .. :P
ကျွန်တော်တို့ လုပ်မဲ့ Program က ..
Text View အလွတ်တစ်ခုထဲကို Button တစ်ချက်နှိပ်ရင် နှိပ်လိုက်ကြောင်း စာပေါ်လာမဲ့ Program ပါ ..
Eclipse ကိုစပြီး ဖွင့်လိုက်ပါ ... New Android Application Project နဲ့ နှစ်သက်ရာ နာမည်တွေပေးပြီးတော့ အဆုံးအထိ Create လုပ်လိုက်ပါ ..

ပြီးရင်ပုံထဲကအတိုင်း Activity_main.xml ကိုဖွင့်ပါ။ ပြီးရင် Hello World လို့ ပေါ်နေတဲ့ ပေါ်မှာ ကလစ်တစ်ချက်နှိပ်ပြီး Delete နှိပ်လိုက်ပါ ..
ဒါဆိုရင် သင့် app ကိုစတင်နိုင်ဖို့  .. TextView တစ်ခုစယူပါမယ် ... ပြီးရင် Button ပါထပ်ယူပါမယ်.. အောက်က ပုံအတိုင်း လိုက်လုပ်ကြည့်လိုက်ပါ ..

ဒီပုံအတိုင်းထည့်ကြည့်ပါ ..








နောက်တစ်ဆင့်မှာ ဒီပုံအတိုင်းလုပ်ပါ ...
delete လုပ်ရုံနဲ့ မပျက်ပါဘူး .. space အလွတ်လေးတစ်ချက်လောက်ထည့်ပေးလိုက်ပါ .. Large Text ဆိုတဲ့နေရာမှာ ..



အခုက Button ရဲ့ စာကိုပြောင်းလိုက်တာပါ .. Click ဆိုပြီး ပြောင်းလိုက်ပါတယ်. .ပြောင်းလိုက်တဲ့နေရာကိုပြထားပါတယ် .. Button ပုံကို အရင် ကလစ်တစ်ချက်နှိပ်လိုက်ပြီး မျှားပြတဲ့နေရာမှာ ပြောင်းလိုက်ရုံပါပဲ ... စောစောက textview ကိုလဲ အခုလိုပြောင်းလို့ ရပါတယ် .. နှစ်ခုလုံးသိအောင်ပြောပြတာပါ ...

ပြီးရင်တော့ text View ရဲ့ ID နဲ့ Button ရဲ့ ID တွေကိုသိရအောင် textView ကိုဖြစ်ဖြစ် Button ပုံကိုဖြစ်ဖြစ် Double ကလစ်နှိပ်လိုက်ပါ .. ဘေးကပုံပေါ်လာပါမယ် .. Textview ရဲ့ ID က textView1 နဲ့ Button ရဲ့ID က button1 ဆိုတာ သင်တွေ့ ရပါလိမ့်မယ် .. ID တွေဟာပြောင်းလို့ ရပေမယ့် အခုတော့ မပြောင်းပါနဲ့ဦး.. ဒါလေးပဲမှတ်ထားပါ ..
ပြီးတော့ အောက်နားမှာ မျှားထိုးထားတာက စောစောက Button တွေဆွဲထည့်လို့ ရတဲ့ Graphical Layout နဲ့ အခုစာတွေမြင်နေရတဲ့ Activity_main.xml ဆိုတာကို switch လုပ်ပေးတဲ့ နေရာပါ .. 
..နောက်တစ်ဆင့်အနေနဲ့ Activity_main.xml ဆိုတာကိုထားခဲ့ပြီး .. သူ့ ဘေးက MainActivity.java ဆိုတာလေးကို နှိပ်ပြီးဝင်လိုက်ပါ ..
အောက်ကပုံအတိုင်းတွေ့ ရပါမယ် ..

ပြီးရင်အောက်က ပုံအတိုင်းစာရိုက်ရပါမယ် ...
Button btn1=(Button)findViewById(R.id.button1); ဆိုတာ တစ်ဖက်က xml မှာရေးထားတာကို java ကနေ id နဲ့ ပြန်ရှာပေးတာပါ .. ရှာလို့ တွေ့ တာကို Button တစ်ခုအဖြစ်သတ်မှတ်တဲ့ Code  ပါ ..
ကိုယ်လုပ်ထားသမျှ textတွေ button တွေကို java မှာသုံးချင်ရင် အခု Object ဆောက်တဲ့ Code ကိုအရင်ရေးပေးရပါတယ် ..
နောက်တစ်ကြောင်းကတော့ .. btn1.setOnClickListener(new OnClickListener() { ..... .. ... }
လုပ်ထားတဲ့ button ပေါ်ကိုကလစ်နှိပ်ရင်(Android မှာတော့ လက်နဲ့ နှိပ်ရင်ပေါ့လေ) ဆိုတဲ့ Action ကိုဖမ်းထားတာပါ .. ဒီ OnClickListener ကိုသုံးဖို့ အတွက် အပေါ်ဆုံးက import တွေထဲမှာ ဒီဟာကိုပါသွားရေးထားရပါတယ် . .
import android.view.View.OnClickListener;
ရေးပြီးမှ သူ့ ပေါ်ကလစ်ထောက်ပြီး import လုပ်လဲရပါတယ် ..
ထားပါတော့ . နောက် { } ဒီတွန့် ကွင်းထဲမှာရေးထားတာတွေ ကတော့  .. Button ကို နှိပ်ရင် လုပ်မဲ့ Action ကိုရေးထားတာပါ .. ပထမတစ်ကြောင်းကတော့ ..
TextView txv1=(TextView)findViewById(R.id.textView1); ပါ ...
အပေါ်မှာပြောခဲ့သလို ကျွန်တော်က button ကိုနှိပ်ရင် textview ထဲစာပေါ်ချင်တာဆိုတော့ textview ကို java ကသိအောင် အရင် xml ထဲကနေ find လုပ်ပြီး txv1 ဆိုတာ textview တစ်ခုဖြစ်ပါတယ်လို့ ကြေငြာပေးထားတာပါ .. နောက်တစ်ကြောင်းကတော့ ..
txv1.setText("I am Clicked :( "); ပါ .
txv1 ဆိုတဲ့ textview ထဲက text ကို I am Clicked :( ဆိုတဲ့ စာထည့်မယ်လို့ ပြောတာပါ ...
ပြီးရင် run ကြည့်လိုက်ပါ ...
button လေးကိုနှိပ်လိုက်တာနဲ့ .. ဒီစာလေး ပေါ်လာပါလိမ့်မယ် ...

Android Programming Page from start