Beginner For Android Programming ( Android Eclipse ကိုစတင်အသုံးပြုခြင်း) - အခန်း (၁)

Android Program စတင်ရေးတော့မယ်ဆိုတာနဲ့  . ပထမဆုံး လိုအပ်တာကတော့ SDK / Eclipse နဲ့  ADT Bundle ပါပဲ ... ရေးတာက Eclipse နဲ့ ပဲ ဆိုပေမယ့် ဟိုနှစ်ကောင်ပါ မှ Package တွေ ADB တွေပါမှာဆိုတော့ အကုန်လုံးမရှိမဖြစ်လိုအပ် ပါတယ် ... ကျွန်တော့်ရဲ့ Post တွေမှာ Program စရေးချင်တဲ့သူတွေ စမ်းတ၀ါးဝါး မဖြစ်အောင် အထူးသတိထားပြီးရေးပေးပါတယ် .. ဘာလို့ လဲဆိုတော့ ကျွန်တော့်တုန်းက ၀ါးတားတား ဖြစ်ခဲ့ရလို့ပါ ..
လိုအပ်တာတွေကို အဓိကထားပြီး ပိုရေးပေးပါ့မယ် .. ကဲ .. စရေးတော့မယ်လို့ ဆုံးဖြတ်ပြီးရင်တော့ ..
၁။ ဒီကနေ https://developer.android.com/sdk/index.html  Download The SDK ADT Bundle For Window ဆိုတဲ့ လေးထောင့်ကွက်ကိုနှိပ်ပြီး သင့်ရဲ့ OS က 32/64 လားရွေးပြီး .. Check Box ကိုလဲ Agree လုပ်တဲ့အမှန်ခြစ်ပြီး .. Download ဆွဲလိုက်ပါ .. 480 Mb လောက်ရှိပါတယ် ..

၂။ ပြီးရင် မြို့ ထဲက စာအုပ်ဆိုင်ကိုသွားပြီး "Android Application ရေးသားခြင်းနည်းပညာ ဆိုတဲ့ စာအုပ်ကို သွားဝယ်လိုက်ပါ .. ဒါကျွန်တော်ကြော်ငြာဝင်တာ မဟုတ်ဘူးနော် .. ဒီစာအုပ်ရှင်နဲ့ လဲ ဘယ်လိုမှမပတ်သတ်ဘူးနော် ... ကျွန်တော်ပြောချင်တာသူ့ စာအုပ်မှာပါတဲ့ အခွေပါ .. အဲဒီအခွေထဲမှာ Android SDK+Eclipse ဆိုတဲ့ File ပါပါတယ် .. အဲဒီ့ထဲက SDK ဆိုတဲ့ Folder အောက်မှာ ပုံမှန်ဆိုရင် သင် ဒေါင်းလုပ်ဆွဲရမယ့် System Image တွေ 4Gb/ 5Gb လောက်ပါပါတယ်. .. သင့် Connection နဲ့ ဘယ်လိုမှ မဒေါင်းနိုင်ပါဘူး .. ၄၀၀၀ လောက်တော့ ရင်းလိုက်ပါ ...

၃။ စောစောက Download ဆွဲထားတဲ့ adt-bundle-windows-xxx ဆိုတဲ့ rar file ရပြီဆိုရင် Extract လုပ်လိုက်ပါ .. ရလာတဲ့ Folder ထဲက SDK ဆိုတဲ့ Folder အောက်ကို ၀ယ်ထားတဲ့ အခွေအောက်က SDK ဆိုတဲ့ Folder ကိုရှာပြီး ရှိသမျှ Copy And Replace လုပ်ပေးလိုက်ပါ ...
ဒါဆိုရင်တော့ သင်ဟာ Android Application တစ်ခုစလုပ်ဖို့  .. Ready ဖြစ်ပါပြီ ...