RingTune Trick ( Bill မဖြတ်အောင် လှည့်စားမယ်)

ဒီ Android App ဟာ RingTune ထည့်ထားတဲ့ ဖုန်းတိုင်း မှာ အလုပ်လုပ်တာတော့ မဟုတ်ပါဘူး .. CDMA တွေ MECTEL တွေမှာ အလုပ်မလုပ်ပါဘူး .. GSM နဲ့ WCDMA တွေမှာတော့ အလုပ်လုပ်ပါတယ် ..
ချွင်းချက်အနေနဲ့ တော့ တစ်ချို့ ဖုန်းတွေမှာ အလုပ် မလုပ်ပါဘူး ... အာာ .. ရှင်းရတာ ပိုရှုပ်နေပြီ ..
..............................................................
စမ်းကြည့်ကြပါ ... သေချာတာတစ်ခုကတော့ ဒီ Application ကို သွင်းပြီးရင် အခုလို ပေါ်လာမှာပါ ..
Start ဆိုတဲ့ Button လေးကိုနှိပ် လိုက်ရင် (ဒီပုံမှာတော့ Start မထည့်ရသေးလို့ ပါ Application မှာ ပါပါတယ် ) Reading Setting ဆိုပြီး ခဏစောင့်ရပါတယ် .. ၅ မိနစ်လောက်ကြာ သွားပြီ ဆက်မတက်လာဘူးဆိုရင်တော့ . မရနိုင်ပါ .. (1500 CDMA ဖုန်းတွေမှာ ဖြစ်တတ်ပါတယ်) ..
ဆက်တက်လာတယ် .. Caller ID ဆိုတဲ့စာကြောင်း မြင်ရပြီဆိုရင် သူ့ ကိုတစ်ချက်နှိပ်ပြီး ၀င်လိုက်ပါ .. ၀င်လို့ မရဘူး မှိန်နေတယ် ဆိုရင်တော့ နောက်တစ်ခါနှစ်ခါလောက် Back နှိပ်ပြီး ပြန်ဝင်ကြည့်ပါ. မှိန်နေတုန်းပဲဆိုရင် တော့ သုံးလို့ မရပါဘူး ...
ဝင်လို့ ရတယ် .. ဆိုရင်တော့ သူ့ ကိုနှိပ်လိုက်ရင် Option ၃ခုပေါ်ပါတယ် .. ၁။ Network Default / ၂။ Hide Number / ၃။ Show Number ဆိုပြီး ၃ခု ပေါ်ပါတယ် .. Hide Number ကို တစ်ချက်နှိပ်လိုက်ပါ ... Setting ကို Auto Save သွားပါလိမ့်မယ်။
ဒါဆိုရင်တော့ သင့်ဖုန်းကို RingTune ကနေ တစ်လ ၂၀၀၀ မဖြတ်နိုင်တော့ပါဘူး .. ကျွန်တော် RingTune ထည့်ထားတာ ၁ နှစ်လောက်ရှိပါပြီ .. ပထမဆုံးလပဲ အဖြတ်ခံရဖူးပါတယ်.. ဒီလို လုပ်ပြီးတဲ့နောက် တစ်ခါမှကို မဖြတ်တော့ပါဘူး ... စမ်းကြည့်ကြပါ .. အဆင်ပြေတယ်ဆိုရင် ဘော်ဒါတွေကို လက်တို့ ပေးလိုက်ကြဦးနော် ..
Download GSMRingTuneTrick.apk