USB Debugging မလို Root မလိုပဲ Lock ဖြည်သော PC Software " မရှိပါ "

ကျွန်တော် ဒီ Post ကို အပုပ်ချ ချင်လို့ ရေးတာမဟုတ်ပါဘူး .. မသိတဲ့သူကို မတတ်တဲ့သူတွေက ဆရာလုပ် တာတွေ သိပ်များလာတော့ လိုချင်သူတွေ ရေလိုက်လွဲကြပါမယ် ...
............
ရှင်းပြချင်ပါတယ် .. Root မလိုပဲ Lock ဖြည်တဲ့ Software ရှိပါတယ် .. Root Permission ခဏယူပြီး User မသိအောင် ခေတ္တယူတဲ့ Software တွေပါ .. အင်မတန်ရှားပါလိမ့်မယ် ..
အခု ကျွန်တော်တွေ့ နေရတာက adb zip လေးတွေကို Root မလို / Usb Debugging မလိုတွေတောင် ဖြစ်နေအောင်ချဲ့နေကြလို့ ပါ ... ကိုယ်တိုင်မသုံးကြည့်ကြဘူးလား .. .
....
အဲဒီ့ Root မလို Debugging မလိုဆိုတဲ့ ကိုယ်တင်ထားတဲ့ Post ထဲက bat လေးကို Notepad လေးနဲ့ ဖွင့် ကြည့်လိုက်ပါဦး .. ပေါပေါလောလော သုံးထားတဲ့ Command တစ်ခုကို တွေ့ မိပါလိမ့်မယ် ..
adb ပါ .. adb ကနေ Root မလုပ်ထားပဲ .. gesture.key တွေ password.key တွေကို rm လုပ်ဖို့  ဘယ်လိုမှမဖြစ်နိုင်ပါဘူး .. Root Shell အရင် တောင်းနိုင်တဲ့ Command တွေသုံးပြီး Root အရင်လုပ်မှကို ရပါမယ် ... ထားပါ . ဒါကတစ်ချက် .. သိပ်ကိစ္စမရှိပါဘူး ..
၊။။။
ဒါပေမယ့် နောက်တစ်ချက်ကတော့ တော်တော်ကိုဆိုးပါတယ် ... USB Debugging မလိုဘူးတဲ့ ..
USB Debugging ဆိုတာ PC နဲ့ Android ချိတ်မလား ။ မချိတ်ဘူးလားဆိုတဲ့ Permission ပါ .. မချိတ်ထားပဲနဲ့ ဘယ်လို များ PC ကနေ Bat File Run လို့ ရမတုန်း .. များလာလို့ ပြောတာပါ ...
Root မလိုဘူးဆို လက်ခံပါသေးတယ်. . recovery mode ကနေ delete လုပ်လို့ ရနိုင်သေးတယ် Lock တွေကို PC ကနေ . Adb ဘာညာ Recovery ဘာညာ ရိုက်လို့ ရနိုင်သေးတယ်လေ ..
...
USB Debugging အွန်စရာမလိုပါဘူးဆိုတော့ (Zip file ဆိုဟုတ်သေးတယ်) Bat file ကို ဘယ်လိုများ Run လို့  အမောင် တောင် မှန်း ယောင်မှန်း သိပါလေစ ....