HTC Evo 4G (Sprint) Firmware install

HTC ဟာနည်းနည်းလေးတိုင်ပတ်တတ်တဲ့ ဖုန်းပါ .. အခုလဲ Firmware ပြန်တင်တဲ့ အခါ သူ့  Official Site ကပေးထားတဲ့ RUU exe နဲ့ အဆင်မပြေပါဘူး .. Error ပဲတက်နေတော့ Recovery Mode ကနေ Firmware ကို zip file နဲ့ ပြန်တင်ပါမယ် .. လိုအပ်တာတွေကတော့ ..
သင့်ဖုန်းကို Power ပိတ်ပြီး Volume Down + Power နှိပ်ပါ .. အပေါ်ဆုံးအကြောင်း ရဲ့ ညာဘက်အစွန်မှာ S-Off ဆိုတာကို တွေ့ မှအောက်ပါအတိုင်းဆက်လုပ်ပါ .. S-On ဖြစ်နေရင် ဒီနည်းနဲ့ အဆင်ပြေမှာ မဟုတ်ပါဘူး ..
လိုအပ်တာတွေကို အရင် Download ဆွဲပါ ..
Firmware Download
(Download Now ဆိုတာအောက်က အသေးလေးကိုနှိပ်ဆွဲပါ)
Recovery Zip
ဒီနှစ်ခုရလာပြီဆိုရင် SD Card ကို Card Reader နဲ့ ဒါမှမဟုတ် တစ်ခြား ဖုန်းနဲ့ တွဲပြီး SD Card ထဲကို Recovery Zip ကနေ Down လို့ ရလာတဲ့ Zip File ကို အောက်က နာမည်ပြောင်းပေးပြီး ထည့်ပေးပါ .. PJ75IMG.zip (Extension က zip , နာမည်က PJ75IMG ပါ လွဲလို့ မရပါ)
..နောက် Firmware ကရလာတဲ့ Zip File ကိုတော့ ဘာမှပြောင်းစရာမလိုပဲ ဒီအတိုင်း SD Card ထဲထည့်လိုက်ပါ ..
.ပြီးရင် HTC SD Card ကို ဖုန်းထဲပြန်ထည့်ပြီး Volume Down + Power နဲ့ Bootloader ကိုဝင်ပြီး ၁၀ စက္ကန့် လောက်စောင့်ပါ .. Auto Update တွေလုပ်ပြီးသွားရင် Recovery ထဲကို Volume Down တစ်ချက်နှိပ်ပြီးရွေးဝင်လိုက်ပါ .. ဒါဆိုရင်တော့ flash zip from sdcard ဆိုတာကို တွေ့ ပါမယ် ၀င်လိုက်ပါ . Choose zip လုပ်ပါ .. ဒေါင်းလို့ ရလာတဲ့ SD Card ထဲက strike-supersonic_v1.0.3.zip ကိုရွေးပေးလိုက်ပါ .. Power တစ်ချက်နှိပ်ပြီး Confirm လုပ်ပေးလိုက်ရင် ၄ - ၅ မိနစ်လောက်ကြာရင် ပြီးသွားပါမယ် .. Finish ဆိုရင် Reboot လုပ်ပြီး ဒီအတိုင်းတက်လာတဲ့ အခါ logo ကို ခဏစောင့်ပေးပါ .. သိပ်မကြာခင်မှာတော့ သင့်ဖုန်းထဲကို 4.0.4 ICS ROM တင်ပြီးသားဖြစ်နေပါမယ်. ..
Dialer နဲ့  Contact ဟာ App ထဲမှာရှိပါတယ် . ပျောက်နေမှာစိုးလို့ ပါ ..  အဆင်ပြေကြပါစေ ..