Windows setup could not configure windows to run on this computer’s hardware

ဒီ Error မျိုး အရင်ကတစ်ခါမှ မတွေ့ ဖူးပါဘူး .. ကျွန်တော် HP Pavilion ကို Window 7 Ultimate တင်တော့မှ တွေ့ တာပါ ..
Notebook/Laptop ရဲ့ Hard Disk ဟာ RAID Setting နဲ့ အလုပ်လုပ်ခိုင်းထားရင် အခုလို Error ပေါ်လာတတ်ပါတယ် ..
Microsoft ရဲ့ Guide Method 1 ကတော့ BIOS ထဲကနေ HDD Setting မှာ RAID ကနေ IDE/AHCI ပြောင်းပေးလိုက်ရင် ဒီ Error မတက်တော့ဘူးလို့ ဆိုပါတယ် ။။ ဒါပေမယ့် ကျွန်တော် လုပ်နေရတဲ့ HP မှာတော့ BIOS Setting ထဲမှာ HD လုံးဝ ရှာမတွေ့ လို့ နောက် နည်းလမ်းတစ်ခုနဲ့  လုပ်ခဲ့တာပါ .. အဲဒါကတော့ RAID Driver ကို Window တင်နေတုန်းမှာ Load လုပ်ပေးလိုက်တာပါ ..
RAID Driver ကို ဒီမှာဒေါင်းပါ .. 32 bit window တွေ အတွက် ဒုတိယမြောက်က x86 ကိုရွေးပါ ..
https://downloadcenter.intel.com/Detail_Desc.aspx?agr=Y&DwnldID=22194&ProdId=2101&lang=eng&OSVersion=Windows%207%20%20*&DownloadType
ဒေါင်းပြီးရင် zip ပြန်ဖြည်ပြီးရလာတဲ့ ၆ ဖိုင်စလုံးကို USB Stick ထဲထည့်ပါ ..
ပြီးရင် ပုံမှန် Window တင်တဲ့အဆင့်အတိုင်းသွားပြီး Format ရိုက်တဲ့နေရာရောက်ရင် Load Driver ကိုနှိပ်ပြီး စောစောက USB ကို PC နဲ့ join ပြီး ၆ ဖိုင်ထည့်ထားတဲ့နေရာကို ညွှန်းပေးလိုက်ပါ ..
ဒါဆိုရင်တော့ Error ကင်းရှင်းစွာနဲ့  Window တက်သွားပြီ ဖြစ်ပါတယ် ..