Deceptive site ahead ပြသနာ ဖြေရှင်းနည်း


ဘလော့လဲ မရေးဖြစ်တာ နှစ်နဲ့ ချီပါပြီ ။ ဒီနေ့ တော့ Blogger တွေ Website သမားတွေအတွက် အဆင်ပြေစေမဲ့ Error ရှင်းနည်းလေး တင်ပေးပါမယ် ။

ဒီ ပြသနာဟာ မိမိရဲ့ Site ထဲက ကြော်ငြာတွေကနေ Fake Download Button တွေပြသတာကြောင့် ဖြစ်ရတဲ့ Error ဖြစ်ပါတယ် ။

Flash version အောက်နေပါပြီ Update ပါတို့ ၊ Anna is calling you တို့ ၊ Plugin Require Download တို့အစရှိတဲ့ Display Banner ကြော်ငြာတွေကြောင့်ပါ ။

သင့်ရဲ့ Website ကို ဒီ အခြေအနေကနေ ပြန်လည်ရှင်းလင်းချင်တယ်ဆိုရင်တော့ ။
အဆိုပါ ကြော်ငြာတွေကို လုံးဝ ဖျက်ထုတ် ရှင်းလင်းလိုက်ဖို့ လိုအပ်ပါတယ် ။

ဖျက်ထုတ်ပြီးရင် မပြီးသေးပါဘူး .. ဒီကို သွားပြီး သင့်Website url နဲ့  Review လုပ်ခိုင်းရပါမယ် ။
https://www.google.com/safebrowsing/report_error/

သင့်ရဲ့ Website Status ကို Dangerous လား Harmful လား ၊ Potential Harmful လား ၊ Warning လား အစရှိတဲ့ google ရဲ့ Safe browsing သတ်မှတ်ချက်တွေကို ကိုယ်တိုင်စစ်ဆေးဖို့ အတွက်ဆိုရင်တော့ ဒီကနေ စစ်ဆေးနိုင်ပါတယ် ။

https://www.google.com/transparencyreport/safebrowsing/diagnostic/index.html#url

အသုံးပြုတာ မကြာသေးတဲ့ Website တွေ ၊ လူဝင်နည်းတဲ့ Website တွေဆိုရင်တော့ Not Available Data ဆိုပြီး ပြသပါလိမ့်မယ် ။